အမှတ်တရများ (Tales of Memories)
I want to show my feeling as a tale of Memories.
Aug 2, 2024
May 7, 2024
Apr 23, 2024
ရည်းစား .....
ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့
သူ...........လို့
ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......heartheart
ချစ်သူ.........
လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိူင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိူင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိူင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိူင်ရမယ်......
ခွင့်လွှတ်နိူင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......heart
peace
သူငယ်ချင်းတို့ကရော ဒီစာလေးကို ဘယ်လိုသဘောရလဲ..................
ခုအချိန်မှာ သူငယ်ချင်းတို့ဘေးနားမှာ ရှိနေတဲ့သူက
ရည်းစားအနေနဲ့ရှိနေတာလား............
ဒါမှမဟုတ် ချစ်သူတစ်ယောက်အနေနဲ့ရှိနေတာလား..............
သေချာစဉ်းစားကြည့်လိုက်ပါနော်.....
အမှတ်တရများ (Tales of Memories): korean stars dancing michael jackson style
အမှတ်တရများ (Tales of Memories): korean stars dancing michael jackson style: This music video is awesome. I like it very much. coz I love michael jackson.
Subscribe to:
Comments (Atom)