Apr 23, 2024

ရည်းစား ..... ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့ သူ...........လို့ ဘာသာပြန်ချင်တယ်...... ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး....... တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး...... ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........ သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........ ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........ ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............ ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........ ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........ တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်...... အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်........... ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို တည်ဆောက်လို့မရတာတော့သေချာတယ်....... ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......heartheart ချစ်သူ......... လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ...... နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........ ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့ ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........ ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့ တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ..... အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ....... ဘယ်လိုနေမှာလဲ.......အများကြီးပေါ့........... သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိူင်တယ်....... ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............ ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........ တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........ ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိူင်တယ်...... သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့......... သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ သတိရမူတွေအားလုံးပါဝင်နေတယ်.......... ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိူင်ရမယ်.......... သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိူင်ရမယ်...... ခွင့်လွှတ်နိူင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ......... သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့....... သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့ အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင် တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့ ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......heart peace သူငယ်ချင်းတို့ကရော ဒီစာလေးကို ဘယ်လိုသဘောရလဲ.................. ခုအချိန်မှာ သူငယ်ချင်းတို့ဘေးနားမှာ ရှိနေတဲ့သူက ရည်းစားအနေနဲ့ရှိနေတာလား............ ဒါမှမဟုတ် ချစ်သူတစ်ယောက်အနေနဲ့ရှိနေတာလား.............. သေချာစဉ်းစားကြည့်လိုက်ပါနော်.....

No comments:

Post a Comment