Showing posts with label music. Show all posts
Showing posts with label music. Show all posts
May 7, 2024
Mar 10, 2016
Sistar - Shake It
ကျွန်မနှစ်သက်တဲ့ korea girl band တစ်ခုပါ
Sistar ပါ
သူတို့ရဲ့ Dance Practice infront of mirror version ပါ
ကျွန်မက အကလေကျင့်တဲ့ သီချင်းတွေပိုကြိုက်ပါတယ်
လွတ်လပ်မှုရှိတယ်လို့ခံစားရလို့ပါ ။
မိတ်ကပ်လဲနည်းတယ်လေ ....
≧=ʘ‿ʘ=≦ ≧=ʘ‿ʘ=≦ ≧=ʘ‿ʘ=≦ ≧=ʘ‿ʘ=≦
Mar 3, 2016
Jul 9, 2015
Girls Generation - Party
Girls Generation
08/07/2015 နေ့မှထွက်လို့လာတဲ့ Girls Generation ရဲ့ သီချင်းအသစ်လေးပါ.
ကျွန်မ နှစ်သက်တဲ့ Korea မှ Girls Band များထဲမှ တစ်ခုပါ ။
https://www.youtube.com/watch?v=HQzu7NYlZNQ
Feb 19, 2011
Goodbye my love
ယောက်င်္ကျားလေးနဲ့မိန်းခလေး ချစ်ခြင်းအပေါ်ထားရှိကြတဲ့စိတ်ခံစားမှုများဟာ
တစ်ယောက်နဲ့တစ်ယောက်မတူညီကြဘူး …
မိန်းခလေးများဟာချစ်ရင်အရမ်းကိုပဲ ချစ်တတ်ကြတယ်ထင်ပါတယ်…ဒါပေမယ့်
တချို့သောယောက်င်္ကျားများဟာ ခဏနဲ့ချစ်တတ်ကြသလို ခဏလေးနဲ့ပဲမေ့တတ်တယ် …..တချို့ကိုပြောပါတယ်…..
ကျွန်မနဲ့သူ နဲ့လဲ အဲ့ဒီလိုမျိုးထဲမှာပါခဲ့တယ်ထင်ပါရဲ့ .. ကျွန်မတို့စချစ်ခဲ့ကြတုန်းကတော့အရှုးအမှုးပါပဲ …ရှေ့ရေးကိုတွေပြီးတိုင်ပင်အစီအစဉ်တွေဆွဲလို့ပေါ့ ….ဒါပေမယ့် ကံ အလှည့်အပြောင်းလို့ပဲခေါ်ရမလားမသိဘူး ကျွန်မ မထင်မှတ်တာတွေတာဟာ
တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ် -----
သူ သူ့ငယ်ချင်းတစ်ယောက်ရဲ့အဆက်အသွယ်နဲ့နိုင်ငံခြားကိုအလုပ်လုပ်ဖို့
ထွက်သွားခဲ့တယ်၊မသွားခင် တစ်ယောက်နဲ့တစ်ယောက် အလွမ်းသည်လို့မဆုံးခဲ့ပါဘူး …သူ ပြန်လာခဲ့မယ် သူ့ကိုစောင့်နေပါလို့မှာခဲ့တာကိုလဲ အခုတိုင်ယုံကြည်နေချင်သေးတယ် ။တစ်နှစ်တစ်ခါ သင်္ကြန်ကျတိုင်းလဲ ပြန်လာဖြစ်အောင်ပြန်လာမယ်လို့လဲကတိပေးခဲ့တယ် ……
ဒီလိုနဲ့ပဲ ပထမ တစ်နှစ် နဲ့ ဒုတိယတစ်နှစ်တော့ ကတိတည်စွာပြန်လာခဲ့တယ်..
သူပြန်လာပြီး ကျွန်မတို့ဆုံတွေ့တဲ့အခါတိုင်း ကျွန်မ ခံစားမိတယ်ဆို ရှင်ယုံမလား …သူ ကျွန်မအပေါ် အေးစက်လာတယ်ဆိုတာကိုပဲ ……. ကျွန်မကြိတ်ပြီးဝမ်းနည်းခဲ့ရတယ်….
ဟိုကမိန်းခလေးတွေက ကျွန်မထက်ပိုလှပြီး ပိုဆွဲဆောင်မှုရှိတယ်ဆိုတာ
ကျွန်မသိပါတယ် …၀န်ခံပါတယ် ၊ဒါပေမယ့် ကျွန်မသူ့ကိုယုံကြည်ချင်ပါတယ်….။ စိတ်မချခြင်းများနဲ့လဲ ကျွန်မရင်ဟာ ..အမြဲပူလောင်နေခဲ့ရပါတယ် …
သူ.ဆီက စာနဲ့ ဖုန်းဆက်မှုကို အမြဲမျှော်နေခဲ့ရတဲ့ ကျွန်မစိတ်ဟာ အလွမ်းများစွာနဲ့ပေါ့ …တစ်ဆ ထက် တစ်ဆ သူ့ရဲ့ အေးစက်မှုဟာ သိသာလာခဲ့ပါတယ် …..စာတော့ပို့ပါရဲ့ ..ဘာမှပိုမထူးတဲ့ သမာရိုးကျစာဟာ ကျွန်မရဲ့စိတ်ကိုပိုပြီးတော့နာကျင်စေခဲ့ပါတယ် ။ဖုန်းဆက်တိုင်းလဲဒီလိုပါပဲ ကျွန်မဆက်ပြီး နားထောင်ချင်စိတ် ပြန်ပြောချင်စိတ်မရှိတော့ပါဘူး …...သူပြောင်းလဲသွားခဲ့ပါပြီ ၊….သွေးအေးသွားပြီလေ၊
အနေဝေးရင်သွေးအေးတယ်ဆိုတာ တကယ်မှန်မှန်း ကျွန်မသိခဲ့ပါပြီ …
ကျွန်မ ဒီလိုမပြတ်မသားခံစားမှုမျိုးမကြိုက်လို့ ကျွန်မ ကစပြီး ဖြတ်ပေးခဲ့ပါတယ်..သူ ကျွန်မအပေါ်ဘယ်လိုမှမခံစားရလို့ကျွန်မဖြတ်ခဲ့တာကို
ကြိုဆိုပေမယ့် …..ကျွန်မ ဖြတ်ခဲ့တာကို နာကြည်းချင်နာကြည်းနေလိမ့်မယ်..
အခုဆိုရင်သူပြန်မလာတာ တော်တော်ကြာခဲ့ပေါ့ …ဘာတွေလုပ်နေလဲ
ဘာတွေဖြစ်နေလဲ ဆိုတာ ကျွန်မ မသိတော့ပါဘူး…………
ပျော်ရွှင်နေပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ် ။
Feb 18, 2011
Feb 17, 2011
တကယ်ဆိုရင်အချစ်ပဲလိုတယ်
ဟုတ်တယ် -----------
လောကကြီးမှာ လူတွေဟာအချစ်နဲ့မကင်းကြဘူး ။ ဘ၀ထဲကို တိုးဝင်းပြီး ဘာမဆိုရင်ဆိုင်နိုင်ဖို့ဆိုတာကတော့ အချစ်ရှိမှဖြစ်မှာ ......
စကားလုံးလေးကရိုးရှင်းပေမယ့် တကယ့် တကယ် ပဲ လိုအပ်ပါတယ် ....................
လောကကြီးမှာ လူတွေဟာအချစ်နဲ့မကင်းကြဘူး ။ ဘ၀ထဲကို တိုးဝင်းပြီး ဘာမဆိုရင်ဆိုင်နိုင်ဖို့ဆိုတာကတော့ အချစ်ရှိမှဖြစ်မှာ ......
စကားလုံးလေးကရိုးရှင်းပေမယ့် တကယ့် တကယ် ပဲ လိုအပ်ပါတယ် ....................
သူများတွေအတွက်တော့ မပြောတတ်ဘူး ၊ ကျွန်မ ကတော့ အချစ်ပဲလိုအပ်တယ်ထင်ပါတယ် .....
Feb 16, 2011
ဖူးစာရှင်
ကျွန်မ ဒီသီချင်းကိုတော်တော်ကြိုက်ပါတယ် ။ ဘာလို့လဲမသိဘူး နေနေ ဆိုတဲ့သီချင်းတွေအားလုံးက ကျွန်မ ရင်ကိုထိစေတယ် ။သူ့အသံလေးက အရမ်းကောင်းတယ် ၊သူဆိုတဲ့သီချင်းတွေနဲ့လဲလိုက်တယ်၊
ကျွန်မချစ်တဲ့သူအတွက်လဲ နေနေ့သီချင်းတစ်ပုဒ် online radio ကနေ ခဏခဏ တောင်းပေးဖူးပါတယ်။
ကျွန်မချစ်တဲ့သူအတွက်လဲ နေနေ့သီချင်းတစ်ပုဒ် online radio ကနေ ခဏခဏ တောင်းပေးဖူးပါတယ်။
Subscribe to:
Posts (Atom)
