Feb 25, 2011

အထီးကျန်တဲ့ ကျွန်မရဲ့ ပါပါး

ကျွန်မ အဖေဆုံးလို့ ကျွန်မ အိမ်ပြန်သွားခဲ့တယ် …..အိမ်ထဲကို ၀င်ဝင်လိုက်ချင်း ကျွန်မအဖေ မရှိတော့ဘူးဆိုတဲ့ အတွေးဝင်လာရင်းမျက်ရည်က တရဟော ကျခဲ့ရတယ် ..
ကျွန်မအရမ်းဝမ်းနည်းတယ် …..မိဘကွယ်လွန်သွားတာ ၀မ်းမနည်းတဲ့ သားသမီးမရှိနိုင်ပါဘူး
..ဒါပေမယ့် ကျွန်မ က ပိုဆိုးပါတယ် …ဘာလို့လဲဆိုတော့
ကျွန်မက ကျွန်မအဖေနားကနေ ဟိုးအဝေးကြီးဆီထွက်သွားခဲ့လို့ပါပဲ …ဒါလဲ ဘာဆန်းလဲလို့ထင်ချင်ထင်ကြလိမ့်မယ် … ကာယကံရှင်ကျွန်မအနေနဲ့တော့ဆန်းပါတယ်၊
ဘာလို့လဲဆိုတော့ အဖေ တစ်ခု သမီးတစ်ခု ဘ၀မှာ နေလာတာ ကျွန်မငယ်ငယ်လေးကတည်းကပါပဲ .. ကျွန်မ မစဉ်းစားမိဘူး ကျွန်မ မရှိရင် ကျွန်မအဖေ ဒီလိုဖြစ်မယ်မှန်းမစဉ်းစားခဲ့ရိုးအမှန်ပါ ….အလုပ်သွားလုပ်မယ် ၊ ပိုက်ဆံရှာမယ် အချိန်ကျရင်ပြန်လာမယ် ဆိုတဲ့စိတ်ကူးပဲရှိပါတယ် ၊
ကျွန်မ အဖေရဲ့ ရင်ထဲကို ကျွန်မ ၀င်မကြည့်ခဲ့ဘူး ။ ကျွန်မ ကောင်းကောင်းမကြည့်နိုင်ခဲ့ဘူး ….
ကျွန်မ အဖေဟာ အရမ်းကို အထီးကျန်ဆန်ခဲ့ပါတယ် ၊ သူ့အိမ်ထောင်ဖက်မရှိတော့တဲ့နောက်ပိုင်းမှာလဲ ကျွန်မတို့ရဲ့. အဖိုးအဖွား  သူ့မိဘ များ အိမ်မှာ နေခဲ့ပါတယ် ။ ကျွန်မ ရဲ့အဖေဟာ သူ့အမေကို သိတ်ချစ်တယ် သူ မွေးပြီးကတည်းက သေသွားသည်အထိ သူ့အမေကိုတော့ခွဲမသွားခဲ့ဘူး ။အဲ့လောက် ကျွန်မအဖေ က သူ့အမေကိုချစ်ပါတယ် ….နောက်ပြီးပြောရင် သူအချစ်ဆုံးက ကျွန်မရဲ့မောင် သူ့ရဲ့တစ်ဦးတည်းသောသားကို အချစ်ဆုံးပါပဲ ..အဆင့်လိုက်ပြောရရင် ကျွန်မအမ ကိုလည်း သူအရမ်းချစ်တာပဲ … ဒါပေမယ့် ကျွန်မ အမြဲတမ်းခံစားမိတာက ကျွန်မ အပေါ် ကျွန်မ အဖေဟာ အမြဲ ဦးစားပေးခဲ့တာကိုပါ …. ကျွန်မ က ကျွန်မ မိသားစုမှာ သမီးလတ်လေ သမီးလတ်တို့ထုံးစံအတိုင်း အချစ်တွေလပ်တယ် လို့အမြဲထင်ခဲ့တာ ပါ ။ ကျွန်မ အဖေ က အမြဲပြောဖူးတယ်လေ …ငါပဲ နင့်ကို ကြည့်လာခဲ့တာ ငါ့လောက် နင့်ကို ဘယ်သူမှ ဂရုမစိုက်ဘူးတဲ့ …တကယ်လဲဟုတ်ပါတယ် ၊ ကျွန်မငယ်ငယ်လေးကတည်းက ကျွန်မအဖေလက်ပေါ်ကြီးပြင်းခဲ့တာပါ ..ဒါကို သိလျှက်နဲ့ အချိန်တန်အရွယ်ရောက်လာတဲ့ ကျွန်မဟာ ကျွန်မအဖေကို ခွဲသွားခဲ့ပါတယ် ……..။
ကျွန်မ အမျိုးသားနဲ့ လက်ထပ်ပြီး မင်္ဂလာပွဲလုပ်ဖို့ အိမ် ကို ပြန်သွားခဲ့ပါသေးတယ် အဲ့ဒီတုန်းက ကျွန်မအဖေ ကျွန်မအမျိုးသားကို ပြောခဲ့တာ မှတ်မိပါသေးတယ် …… ။
သူ့မှာဘာမှမရှိတော့ဘူး မင်းယူသွားပြီလို့ပြောခဲ့တာပါ ….အဲ့ဒီတုန်းက ကျွန်မအဖေ ဒီလို ပဲပြောခဲ့တယ်ထင်ခဲ့တာ ….ကျွန်မအမျိုးသားကလည်း ကျွန်မအဖေကိုပြန်ပြောပါတယ် ၊
သူကျွန်မကို ကျွန်မ အဖေရင်ထဲကဆွဲထုတ်သွားးတာမဟုတ်ပါဘူး သူ့ကိုလည်း သားတစ်ယောက်တိုးလာတယ် လို့သဘောထားပါလို့ပြောခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်မ အဖေရင်ထဲမှာ ကျွန်မကို အပြီးအပိုင်ပေးလိုက်ရပြီလို့ထင်ခဲ့တဲ့ပုံပါ ။
ကျွန်မတို့ပြန်လာပြီး ၉ လကျော်လောက်ပဲကြာခဲ့ပါတယ် ၊ကျွန်မအဖေ ကျွန်မဘ၀ထဲကနေ
အပြီးအပိုင်ထွက်သွားခဲ့ပါပြီ ။ ကျွန်မ ဘယ်လိုမှထင်မထားခဲ့ပါဘူး၊ ကျွန်မ ပြန်လာပြီး ၃လလောက်မှာ ကျွန်မ ညီမလေးက ပြောပါတယ် ။ကျွန်မ အဖေနေမကောင်းဘူးပေါ့ ။
အအေးပတ်သွားတာပါ ။ ကျွန်မ ကလည်း ဟိုလိုလုပ်ဒီလိုလုပ်ပေါ့ ၊ ကျွန်မ အဖေက ဆေးခန်းတို့ဆေးရုံတို့ကို အင်မတန်မုန်းပါတယ် ၊ ဆေးထိုးရမှာလဲ အရမ်ကြောက်တယ်၊
ဒီလိုနဲ့တဖြေးဖြေး အစာမစားတော့ဘူး ၊ပထမတော့ ခံတွင်းမကောင်းလို့မစားတာ ၊မစားရင်းမစားရင်းနဲ့ပါ အူက ကျဉ်းသွားပုံရပါတယ် ။နောက်ပိုင်းလုံးဝမစားတော့တာ ဆုံးသွားသည်အထိပါပဲ ။ ကျွန်မ ညီမလေးက ပြောတယ် အစားမစားတာ ၊အစားမစားတာနဲ့ပေါ့ ။ ကျွန်မ က အဲ့ဒီအခါ အိမ်ကလူတွေကိုစိတ်ဆိုးပါတယ် ။ ဟိုလိုမကျွေးလို့ ဒီလိုမကျွေးလို့ဆိုပြီး အရမ်းဂရုစိုက်ခဲ့တဲ့ အိမ်ကလူတွေကို စိတ်ဆိုးခဲ့ပါသေးတယ် ၊  အဲ့ဒီလောက်အထိ ဖြစ်သွားမယ်မှန်း ကျွန်မ မထင်ခဲ့တာပါ ။အိမ်ကလူတွေလည်းမထင်ခဲ့ပါဘူး ။ ကျွန်မဖုန်းဆက်ရင်လည်းလာမကိုင်နိုင်တော့ပါဘူး ၊ ကျွန်မတို့အိမ်မှာဖုန်းမရှိဘူး ၊ အနားနားက ဖုန်းကိုခေါ်ရတာမို့ပါ …အဲ့ဒါနဲ့ပဲ ကျွန်မ ပြန်ဖို.ဆုံးဖြတ်ခဲ့ပါတယ် ၊ အလုပ်ကခွင့်ရမယ့်နေ့ ကို လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ရမယ့်နေ့ကို လက်ချိုးရေခဲ့ပါတယ် ။ ကျွန်မ ပြန်လာမယ့်အကြောင်း ကျွန်မအိမ်ကို အသိမပေးခဲ့ပါဘူး ၊ ကျွန်မအမှတ်မထင် အိမ်ပြန်သွားရင် အိမ်ကလူတွေ
အရမ်းအံသြ၀မ်းသာသွားအောင် ရယ် အထူးသဖြင့် ကျွန်မ အဖေ အံသြ၀မ်းသာသွားအောင် ရည်ရွယ်ပါတယ် ။ အဲ့ဒါနဲ့ပဲ ကျွန်မ ပြန်ရမယ့်ရက်ကို လက်ချိုးရေရင်း စိတ်ကူးထဲမှာ ငါပြန်သွားရင် ငါ့အဖေကို ဘယ်လိုကျွေးမယ် ဘယ်လိုပြုစုမယ် လို့စိတ်ကူးခဲ့တာ ကျွန်မ ကျိန်ပြောရဲပါတယ် ။ ဒါပေမယ့် ကျွန်မ မပြုစုပေးလိုက်ရသလို ကျွန်မ အဖေလည်း ကျွန်မ အပြုအစုကိုခံမသွားခဲ့ရပါဘူး ။ ဘယ်လောက်မှမလိုတော့တဲ့ ကျွန်မ ပြန်မယ့်ရက်မတိုင်မီ ကျွန်မ ဆီ ညနေပိုင်း လောက်
သတင်းဝင်လာပါတယ် ကျွန်မ အဖေဆုံးပြီပေါ့ ။ ဒါနဲ့ ကျွန်မ ချက်ခြင်း စီစဉ်စရာရှိတာစီစဉ်ပြီး နောက်တရက် မနက်ပိုင်း ချက်ခြင်းပြန်သွားခဲ့ပါတယ် ။
နောက်ကျတာက နောက်ကျသွားခဲ့ပါပြီ  …နောက်ဆုံးအနေနဲ့ ကျွန်မအဖေရဲ့ဈာပနကို ကျွန်မ ကိုယ်တိုင်ပဲ ဦးဆောင်စီစဉ်ခဲ့ပါတယ် ။ ကျွန်မအဖေ အတွက် ကျွန်မမလုပ်နိုင်တာတွေကိုလုပ်ပေးခဲ့တဲ့
ကျွန်မရဲ့ မိသားစုကို လည်းအရမ်းကျေးဇူးတင်ပါတယ် ။ ကျွန်မက ကျွန်မအဖေရဲ့ အရင်းနှီးဆုံးလူတစ်ယောက်အနေနဲ့ပြောတာပါ ။ အားလုံးကတော့ မိသားစုတွေပါပဲ ……။
ကျွန်မရဲ့တစ်ဝမ်းကွဲမောင်လေးကိုလည်းကျေးဇူးတင်ပါတယ် .. ကျွန်မအဖေရဲ့ဈာပန အစအဆုံးကို သူလုပ်ပေးခဲ့တဲ့အတွက်ပါ ။
တကယ်လို့များ ကျွန်မပြန်လာမယ်မှန်း ကျွန်မအဖေသိသွားခဲ့ရင် ကျွန်မကိုစောင့်နေမှာလား ။ ဒါမှမဟုတ် ကျွန်မ ပြောခဲ့ရင် ကျွန်မအလာကိုစောင့်ရင်း ကွယ်လွန်သွားမှာလား၊ဘယ်ဟာက ပိုကောင်းမလဲဆိုတာ ကျွန်မ အခုထက်ထိ စဉ်းစားလို့မရသေးပါဘူး ။ တစ်ခါတစ်လေ စောင့်ရင်စောင့်နေမှာလို့စဉ်းစားမိရင် ကျွန်မ ကိုယ် ကျွန်မ ခွင့်မလွှတ်နိုင်ပါဘူး ။ အိမ်ကလူတွေ ကလည်း ကျွန်မကိုဖြေသိမ့်တဲ့အနေနဲ့ဖြစ်မှာပါ ၊ မပြောတာလည်းကောင်းပါတယ် သိသွားခဲ့ရင် ကျွန်မကိုစောင့်ရင်းသေသွားခဲ့ရင် သူ့အတွက်မကောင်းဘူးလို့ပြောပါတယ်။ တစ်ခုသေချာတာက ကျွန်မ အဖေဟာ အရမ်းကိုအထီးကျန်ဆန်ခဲ့ပါတယ် သူဖြစ်ချင်တာတွေကိုလည်းမပြောခဲ့ပါဘူး ၊ ကျွန်မ  အိမ်ကိုပြန်မေးတယ်ကျွန်မကို ကျွန်မအဖေပြန်လာဖို့မျှော်ခဲ့လားဆိုတော့လည်း သူတို့ပြန်ပြောတာက မျှော်မှာပေါ့ ဒါမေမယ့်ဘာမှ ကျွန်မအကြောင်းနဲ့ပတ်သက်လို့မပြောခဲ့ဘူးတဲ့……နင် စိတ်ပူမှာ စိုးလို့နေမှာပေါ့တဲ့ … ကျွန်မအရမ်းရင်နာခဲ့ရပါတယ် …တကယ်တော့ ကျွန်မအဖေဟာ အရမ်းသနားစရာကောင်းပါတယ် ။ရင်ထဲမှာရှိတဲ့ခံစားချက်တွေကိုမြိုသိပ်နိုင်တဲ့သူပါ..
သူတမ်းတမှာပဲ သူ့ရဲ့သားသမီးတွေကို ….သူ့သားသမီးတွေအကုန်လုံးက သူ့အနား
မနေနိုင်ကြဘူး …ကျန်တဲ့မောင်နှမတွေကို အပြစ်တင်လို့လဲမရဘူး ကျွန်မကိုယ်တိုင်ကလည်း ကျွန်မအဖေနားမှာနေပေးနိုင်တဲ့သူမှမဟုတ် တာ။
ကျွန်မယုံကြည်ပါတယ် တကယ်လို့ ကျွန်မသာ ကျွန်မအဖေကို ခွဲမသွားခဲ့ရင်ဖြစ်ဖြစ် ၊ကျွန်မအဖေ ဆီ နည်းနည်းစောပြီးပြန်လာခဲ့ရင်ဖြစ်ဖြစ် ကျွန်မအဖေ ဒီလိုစောစောခွဲသွားမှာမဟုတ်ဘူး .. ကျွန်မအရမ်းနောင်တရပါတယ် …နောင်တဆိုတာကတော့နောင်တပါပဲ ….။
ကျွန်မဒီစာကိုရေးပြီးအရမ်းငိုနေပါတယ် …ကျွန်မချစ်တဲ့ ကျွန်မအဖေကောင်းရာသုဂတိလားပါစေ ..ဖြစ်လေရာဘ၀တိုင်းမှာ ပြီးပြည့်စုံပါစေ ၊…လူ့ဘ၀ကိုပြန်ရခဲ့ရင်လည်း အထီးကျန်ခြင်းများနဲ့ကင်းဝေးပြီး မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့နေနိုင်တဲ့ဘ၀ကိုရပါစေ လို့ ရင်နဲ့အမျှ လှိုက်လှိုက်လှဲလှဲဆုတောင်းပါတယ် ။
အားလုံးအားလုံးသော သားသမီးတိုင်း ကိုယ့်မိဘတည်ရှိနေမှုကို ဂရုစိုက်စေချင်ပါတယ် …..သားသမီးတိုင်းဟာ မိဘကိုရိုသေမြတ်နိုးကြတယ်ဆိုတာ သိပါတယ် ဒါပေမယ့် ကျွန်မအဖေ အတွက်
ကျွန်မခံစားရသလို နောင်တရ ရသလို အားလုံးကို မရစေချင်ပါဘူး …..ဒီလို ခေတ်ကြီးမှာလူဖြစ်လာကြရတဲ့ ကျွန်မ တို့အားလုံးဟာ အချိန်နောက်ကိုအပြေးလိုက်ရင်းနဲ့ဘ၀ ကို ရုန်းကန်နေကြရတာမို့ပါ ။
ကျွန်မ  တွေးကြည့်မိပါတယ် တကယ်လို့များ ကျွန်မမှာ သားသမီးတွေများရှိခဲ့ရင် ၀ဋ်များ လည်နိုင်ပါသလားလို.ပေါ့ .. ကျွန်မ အဖေကတော့ကျွန်မကို ခွင့်လွှတ်မှာသေချာပါတယ် ၀ဋ်လည်ခဲ့ မယ်ဆိုရင်လဲ ကျွန်မ ခံရဲပါတယ် ……
ဒါပေမယ့်လည်း ကျွန်မရင်ထဲမှာ ကျွန်မသေသည်အထိ ပါသွားမှာကတော့
ကျွန်မဟာ ကျွန်မအဖေကိုထားခဲ့မိလို. ကျွန်မအဖေသေသွားရတယ်ဆိုတာပါပဲ…
ဘယ်သူတွေကမှ ကျွန်မကို ဒီအယူဖျက်ပေးနိုင်မှာမဟုတ်ဘူး ..ဘယ်သူနားချချ
ကျွန်မသည်သာ အပြစ်အရှိဆုံးလူတစ်ယောက်မို့ ကျွန်မကိုယ် ကျွန်မဘယ်တော့မှ
ခွင့်မလွှတ်တော့ပါဘူး….

ပါပါး ကောင်းရာဘုံဘ၀ကိုရောက်နိုင်ပါစေ ………….


Feb 19, 2011

Goodbye my love

ယောက်င်္ကျားလေးနဲ့မိန်းခလေး ချစ်ခြင်းအပေါ်ထားရှိကြတဲ့စိတ်ခံစားမှုများဟာ
တစ်ယောက်နဲ့တစ်ယောက်မတူညီကြဘူး …
မိန်းခလေးများဟာချစ်ရင်အရမ်းကိုပဲ ချစ်တတ်ကြတယ်ထင်ပါတယ်…ဒါပေမယ့်
တချို့သောယောက်င်္ကျားများဟာ ခဏနဲ့ချစ်တတ်ကြသလို ခဏလေးနဲ့ပဲမေ့တတ်တယ် …..တချို့ကိုပြောပါတယ်…..
ကျွန်မနဲ့သူ နဲ့လဲ အဲ့ဒီလိုမျိုးထဲမှာပါခဲ့တယ်ထင်ပါရဲ့ .. ကျွန်မတို့စချစ်ခဲ့ကြတုန်းကတော့အရှုးအမှုးပါပဲ …ရှေ့ရေးကိုတွေပြီးတိုင်ပင်အစီအစဉ်တွေဆွဲလို့ပေါ့ ….ဒါပေမယ့် ကံ အလှည့်အပြောင်းလို့ပဲခေါ်ရမလားမသိဘူး ကျွန်မ မထင်မှတ်တာတွေတာဟာ
တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ် -----
သူ သူ့ငယ်ချင်းတစ်ယောက်ရဲ့အဆက်အသွယ်နဲ့နိုင်ငံခြားကိုအလုပ်လုပ်ဖို့
ထွက်သွားခဲ့တယ်၊မသွားခင် တစ်ယောက်နဲ့တစ်ယောက် အလွမ်းသည်လို့မဆုံးခဲ့ပါဘူး …သူ ပြန်လာခဲ့မယ် သူ့ကိုစောင့်နေပါလို့မှာခဲ့တာကိုလဲ အခုတိုင်ယုံကြည်နေချင်သေးတယ် ။တစ်နှစ်တစ်ခါ သင်္ကြန်ကျတိုင်းလဲ ပြန်လာဖြစ်အောင်ပြန်လာမယ်လို့လဲကတိပေးခဲ့တယ် ……
ဒီလိုနဲ့ပဲ ပထမ တစ်နှစ် နဲ့ ဒုတိယတစ်နှစ်တော့ ကတိတည်စွာပြန်လာခဲ့တယ်..
သူပြန်လာပြီး ကျွန်မတို့ဆုံတွေ့တဲ့အခါတိုင်း ကျွန်မ ခံစားမိတယ်ဆို ရှင်ယုံမလား …သူ ကျွန်မအပေါ် အေးစက်လာတယ်ဆိုတာကိုပဲ ……. ကျွန်မကြိတ်ပြီးဝမ်းနည်းခဲ့ရတယ်….
ဟိုကမိန်းခလေးတွေက ကျွန်မထက်ပိုလှပြီး ပိုဆွဲဆောင်မှုရှိတယ်ဆိုတာ
ကျွန်မသိပါတယ် …၀န်ခံပါတယ် ၊ဒါပေမယ့် ကျွန်မသူ့ကိုယုံကြည်ချင်ပါတယ်….။ စိတ်မချခြင်းများနဲ့လဲ ကျွန်မရင်ဟာ ..အမြဲပူလောင်နေခဲ့ရပါတယ် …

သူ.ဆီက စာနဲ့ ဖုန်းဆက်မှုကို အမြဲမျှော်နေခဲ့ရတဲ့ ကျွန်မစိတ်ဟာ အလွမ်းများစွာနဲ့ပေါ့ …တစ်ဆ ထက် တစ်ဆ သူ့ရဲ့ အေးစက်မှုဟာ သိသာလာခဲ့ပါတယ် …..စာတော့ပို့ပါရဲ့ ..ဘာမှပိုမထူးတဲ့ သမာရိုးကျစာဟာ ကျွန်မရဲ့စိတ်ကိုပိုပြီးတော့နာကျင်စေခဲ့ပါတယ် ။ဖုန်းဆက်တိုင်းလဲဒီလိုပါပဲ ကျွန်မဆက်ပြီး နားထောင်ချင်စိတ် ပြန်ပြောချင်စိတ်မရှိတော့ပါဘူး …...သူပြောင်းလဲသွားခဲ့ပါပြီ ၊….သွေးအေးသွားပြီလေ၊
အနေဝေးရင်သွေးအေးတယ်ဆိုတာ တကယ်မှန်မှန်း ကျွန်မသိခဲ့ပါပြီ …
ကျွန်မ ဒီလိုမပြတ်မသားခံစားမှုမျိုးမကြိုက်လို့ ကျွန်မ ကစပြီး ဖြတ်ပေးခဲ့ပါတယ်..သူ ကျွန်မအပေါ်ဘယ်လိုမှမခံစားရလို့ကျွန်မဖြတ်ခဲ့တာကို
ကြိုဆိုပေမယ့် …..ကျွန်မ ဖြတ်ခဲ့တာကို နာကြည်းချင်နာကြည်းနေလိမ့်မယ်..
အခုဆိုရင်သူပြန်မလာတာ တော်တော်ကြာခဲ့ပေါ့ …ဘာတွေလုပ်နေလဲ
ဘာတွေဖြစ်နေလဲ ဆိုတာ ကျွန်မ မသိတော့ပါဘူး…………

ပျော်ရွှင်နေပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ် ။




korean stars dancing michael jackson style

This music video is awesome. I like it very much. coz I  love michael jackson.

Myanmar Mp3

Myanmar Mp3

Feb 18, 2011

ရင်ခုန်မိသူ

ကျွန်မကြိုက်တဲ့သီချင်းလေးတွေအထဲကတစ်ပုဒ်ပါပဲ ............

သူနဲ့သူမ

လူတစ်ယောက် နဲ့ တစ်ယောက် ခံစားချက်ချင်းက တူတာမဟုတ်သလို စိတ်ခံစားမှု ကလဲ
တစ်ယောက် တစ်မျိုး လေ ။
သူမကဆိုးတယ် ၊ဘယ်လိုဆိုးတာမျိုးလဲဆိုတော့ သူမကချစ်တဲ့ သူမကို ချစ်တဲ့သူတွေအပေါ်မှာပဲဆိုးတာ သူစိမ်းအပေါ်မှာဆို အရမ်းကိုလိမ်မာနူးညံ.တဲ့ သူမျိုးပေါ့ ၊
သူမ သူငယ်ချင်းတွေက ၀ိုင်းပြောကြတယ် နင် ရီးစားမထားနဲ့တဲ့ နင့်စိတ်နဲ့မဖြစ်ဘူးပေါ့ ။ ဒါပေမယ့်သူမ ရီးစားတစ်ယောက်ရခဲ့တယ် …သူမ က သူ့ ကိုအရမ်းချစ်တယ် ---သူမ ကံကောင်းခဲ့ပါတယ် ။
သူကလည်း သူမကိုအရမ်းချစ်တယ်လေ ၊ နေ့တိုင်း အလုပ်သွား အလုပ်ပြန်တွေမှာ သွားအတူလာအတူ နဲ့ အမြဲတမ်းအတူရှိခဲ့ကြတယ် ။ စိတ်ကောက်လိုက် ရန်ဖြစ်လိုက် ပြန်ချော့လိုက် ပြေလည်သွားလိုက်နဲ့ သူမတို့နှစ်ဦး (၂)နှစ်တာ ကာလကိုကုန်ခဲ့ကြတယ် ။  အဲ့ဒီ ကာလအတွင်းမှာ သူမ ဆိုးခဲ့တာပဲ
ဟိုလူကိုမကြည့်နဲ့ ဒီလူ ကိုမကြည့်နဲ့ အမြဲချုပ်ချယ်တယ် သူမက သ၀န်လည်း အရမ်းတိုတတ်တယ် ။
စိတ်တိုလာရင်လဲ သူတစ်ဖက်သားကို ရင့်ရင့်သီးသီးပြောတတ်တယ် -----
တဖြည်းဖြည်းနဲ့ သူ့ဘက်က အလျှော့ပေးတာများလာခဲ့တယ် ။ သူ စကားတောင် ဟိုရောက်ဒီရောက် မပြောရဲရှာတော့ဘူး …သူပြောတာနည်းနည်းနဲ့ သူမ က အထအန ကောက်ပြီး အမြဲရန်လုပ်လို့ ရန်ဖြစ်ရတဲ့သာဓက တွေလဲ ရှိတာကိုး …..
သူမကတစ်ခါတစ်လေ သူမ သူငယ်ချင်းတွေကိုပြောတတ်တယ် သူကအရမ်းသဘောကောင်းတယ် ငါ့အပေါ်လည်း အနွံတာခံတယ်ပေါ့ ၊ သူမကောင်းကောင်းသိပါတယ် သူ သူမကိုအလျှော့ပေးတာကို ၊ ဒါကြောင့်လဲသူမ သူ့ကို ပိုချစ်ပြီးပိုဆိုးလာတယ်။ သူမက သိသာ သိတာ …. ကိုယ့်ကိုကိုယ်ဘယ်တော့မှမပြင်ဘူး ..လုပ်သမျှတိုင်းဟာ သူမစိတ်ကြိုက်ချည်းပဲ ……
သူကပြောတယ် လက်ထပ်ပြီးရင် သူ့အိမ်မှာလိုက်နေဖို့အတွက်ပေါ့ ၊ဖြစ်သင့်ပါတယ်ဒါက။
သူမတို့အိမ်မှာကလည်းသူ့ကိုခေါ်ထားရအောင် အခန်းလွတ်မရှိဘူး သူမတို့မိသားစု အားလုံး စည်းစည်းလုံးလုံး စုနေကြတာလေ ….သူမကလည်းသိပါတယ် ၊ ဒါပေမယ့်ဆိုးနေကျအတိုင်းဆိုးတာ …မနေနိုင်ဘူး ဘာညာပေါ့ .. သူကကောင်းကောင်းရှင်းပြပါတယ် သူက သားအကြီးဆုံး၊ ..သူ့မိဘတွေကလဲ အသက်ကြီးပြီ အိမ်မှာအားကိုးအားထားဆိုလို့ သူပဲရှိတယ် အိမ်မှာလဲလူမရှိဘူး ပေါ့…
သူမကလည်း တကယ်လို့ယူပြီးရင် လိုက်နေရမှာ သိပါတယ် . ဒီလောက်အဆင်ပြေနေတာပဲဟာ ။
ဒါပေမယ့်သူမကပြောသေးတယ် မိဘတွေအသက်ကြီးတာနဲ့ပဲ သူ က အိမ်အလုပ်တွေ လုပ်ရမှာလား ဘာလားနဲ့ မလုပ်နိုင်ဘူးလို့ပြန်ပြောခဲ့တယ်  ၊သူမစိတ်ထဲတွေးတာကတော့ လုပ်ကာမှလုပ်ရစေဦး ယောက်ကျားဆိုတာ ကြိုပြောထားမှ ဆိုပြီးပေါ့ ……….သူ့မိဘတွေက လူကြီးတွေဆိုတော့ ပစိပစပ်ကများဦးမှာလားဘာလား ဆိုပြီးတော့တောင် ထပ်ပြောလိုက်သေးတာ ………….
သူမက ခဏခဏလဲစိတ်ကောက်တယ် တစ်ခါ စကားများပြီးရင်သူမ က စကားမပြောပဲ
စိတ်ကောက်လိုက်တာ ၂ရက်လောက်ကြာတယ် ၊အဲ့ဒီလောက်ဆိုးတဲ့ သူမ ။
သူနဲ့သူမကြား က အဖုအထစ်လေးတွေဟာ မရေတွက်နိုင်အောင်များပြားခဲ့တယ် …
သူမ က မကျေနပ်ရင် ထုတ်ပြောလိုက် စိတ်ကောက် လိုက် နဲ့ဖွင့်ထုတ် နိုင်ခဲ့လို့လား တော့မသိဘူး၊သူမဘက်ကတော့သူမတို့နှစ်ယောက်ကြားအဖုအထစ်ရှိခဲ့တယ်တောင်
မထင်ခဲ့ဘူး ၊
ဒါပေမယ့်လည်းအချိန်တွေကြာလာတော့ သူ့ရင်ထဲမှာ အက်ကြောင်းတွေထင်လာတယ်
သူမပျော်တော့ဘူး ……….. သူမကိုမချစ်တော့တာမဟုတ်ဘူး တဖြည်းဖြည်းနဲ့စိတ်ကုန်လာတာ သူ့ခမျာ အမြဲ သတိဆွဲထားရတယ် သူမနဲ့အတူရှိတိုင်းမှာ …သူမက မထင်ရင်မထင်သလို လူကြားထဲလဲမရှောင်သူ့ကို ဟောက်တတ်သေးတာ …ကြာတော့ သူစိတ်ညစ်လာတယ် ……….အမှန်အတိုင်းပြောရရင်
သူမနဲ့လက်ထပ်ရမှာလဲကြောက်လာတယ် ………သူ့ဘာသာပဲလွတ်လွတ်လပ်လပ် နေချင်စိတ်က ပိုပြင်းထန်လာတယ် ……
သူက စိတ်မြန်လိုက်တာများ အချိန်မဆွဲပဲနဲ့ သူမကို ဘာအကြောင်းပြချက်မှ မရှိဘဲဖြတ်ခဲ့တယ် …….အရင်လို သူမနဲ့ရန်ဖြစ်စိတ်ကောက်ရင်းနဲ့မတွေ့တော့ပဲ ဖြတ်လိုက်တာမဟုတ်ပဲနဲ့ အစိမ်းလိုက်ဖြတ်ချခဲ့တာ …………………………
သူမအနေနဲ့အရမ်းကြေကွဲခဲ့ရတယ် သူမသိတယ် သူမဘ၀မှာသူမရှိရင်မဖြစ်တာလဲသိတယ် ။ ဒါလည်းအခုမှ သိတာမဟုတ်ဘူး စိတ်ကောက်တိုင်း စကားမပြောတိုင်း သူမ သိပေမယ့် သူမ က အဲ့ဒီလိုနေ့မျိုးဆို တစ်ယောက်ထဲ အရမ်းကြေကွဲနေတာ …..သူ့မျက်နှာ တွေ့ချင်စိတ်နဲ့ သူ့အနားရှိချင်စိတ်တို့ က တားမရ ဆီးမရ ဖြစ်ခဲ့တာ ….နောက်တစ်နေ့ သူလာချော့ရင်ပြေသွားသလို နဲ့သူမ အမြဲအဲ့လို ခံစားခဲ့ရတာ ………..သူနဲ့ခွဲဖို့ကိုဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာ သူမကိုယ်သူမသိတယ် ။
ဒါပေမယ့်လွန်ခဲ့ပြီ ..သူ့ကိုဘယ်လိုချော့ချော့ ဘယ်လိုငိုပြောပြော သူ့အသည်းက ခိုင်တာလားမသိပေမယ့် ဘယ်လိုမှစိတ်ပြန်လည်လာအောင် လုပ်လို့မရတော့ဘူး ၊
အဲ့ဒီတုန်းက သူမ ကိုယ့်ကိုကိုယ်သတ်သေလိုက်ဖို့အထိ နေ့နေ့ညည စဉ်းစားတယ်
တကယ်လဲသေချင်တယ် ။ ထမင်းလဲမှန်မှန်မစားတော့ဘူး  ..ပေပေတေပေ လဲ သူမကိုယ်သူမ နေတယ် ညလဲမအိပ်ဘူး ။ တစ်ခါတစ်လေ တစ်ညလုံးထိုင်ငိုတဲ့အခါငိုနေတတ်တယ် …သူမအိမ်က လဲ ဘာမှလုပ်ပေးလို့မရဘူးလေ ၊
ကာယကံရှင် သူ့ဘက် က မှ မလိုလားတော့တာ …သူမကိုစိတ်ပြေအောင်ပြော ချော့မော့နဲ့ပဲ အချိန်တွေ တဖြည်းဖြည်းကုန်လွန်လာခဲ့တယ် …………။
အချိန်ဆိုတာ ဆေးသမား ဆိုတဲ့ စကားဟာ တကယ်လဲမှန်ပါတယ် …..အချိန်တွေကြာလာ
တော့လည်း ….လုံးဝကြီးမမေ့တောင် သူ့ကို သူမ မေ့နိုင်လာတယ် ……….
ဒါပေမယ့် ခံစားခဲ့ရတဲ့ ဝေဒနာကအရမ်းကြီးမားတယ် သူမသိတ်ကြောက်သွားခဲ့ပြီ …
နားလည်းလည်ခဲ့တယ် …..အချစ်ဆိုတာဟာ မီးလိုပဲ …… သူမအတွက်တော့သူမဘ၀တစ်ခုလုံးလောင်ကျွမ်းသွားလောက်အောင်ခံစားခဲ့ရတာ ..
အခုချိန်လောက်ဆိုရင် သူ ကတော့ သူမ ကိုမေ့နေပြီလားမပြောတတ်ဘူး ..
အသည်းကွဲတယ် အသည်းကွဲတယ် နဲ့လူတွေပြောကြတာ ……..ခံစားရမှ အသည်းကွဲတယ်ဆိုတာကြောက်စရာ အကောင်းဆုံးဝေဒနာပါပဲ ………….
သူမ တိုက်ဆိုင်တဲ့အခါတွေတိုင်း သူ့ကိုသတိရတယ် သတိရတိုင်းမျက်ရည်ကျခဲ့ရတယ် ..
တကယ်ကိုပဲ သူ့ကို သူမသိတ်ချစ်ခဲ့ပါတယ် ….
သူ အဝေးကြီးရောက်သွားပေမယ့် သူမ တို့တစ်ယောက်နဲ့တစ်ယောက်မဆုံနိုင်ကြတော့
ပေမယ့် သူမ မျှော်လင့်နေဆဲ ပါပဲ …… သူ့ရဲ့သတင်းတွေကိုလဲ သိချင်နေဆဲပါပဲ ။
သူ မသိတော့ပေမယ့် သူမက သူ့ကိုပြုမူခဲ့သမျှတွေဟာ သူ့ကိုသိတ်ချစ်လို့ ဆိုးနွဲ့ချင်တဲ့
စိတ်တစ်ခုတည်းပဲရှိပါတယ် …သူ့ကိုထိခိုက်စေချင်လို့မဟုတ်ဘူးဆိုတာ အဲ့ဒီတုန်းကရော
အခုရော နောင်ရော သူမအတွက် သေချာပါတယ် ….
သူ စိတ်ချမ်းသာမယ်ဆိုရင် သူမ ဘာမဆိုပေးဆပ်ချင်ပါတယ် …………
သူမ သူ့အနားမရှိတော့တဲ့နောက်ပိုင်းမှာလဲ သူမ မရှိလို့ သူပျော်တယ်ဆိုရင် သူ့ကို သူမပျော်စေချင်ပါတယ် …သူမ ကို သတိရခဲ့လို့များ နည်းနည်းလေး စိတ်ထဲ မပျော်ရွင်ခဲ့မှုများခံစားခဲ့ရင် …သူမကို သတိမရပါစေနဲ့လို့ပဲသူမ ဆုတောင်းမိမှာပါ ။

Feb 17, 2011

မီးပျက်ချင်း​၏အကျိုးကျေး​ဇူးအချက်{၂​၀}

မေးလ်ထဲကနေသူငယ်ချင်းတစ်ယောက်ပို့ပေးတာပါ ။ သဘောကျတာနဲ့ပဲ share လိုက်ပါတယ် ၊
ဘ၀အမောတွေ ခဏတာလေးပဲဖြစ်ဖြစ် တစ်ချက်ပြုံးရုံနဲ့ ပြေပျောက်နိုင်ပါစေ .......................

မီးပျက်ချင်း​၏အကျိုးကျေး​ဇူးအချက်{၂​၀} တဲ့ ခေါင်းစဉ်လေးက

တကယ်ဆိုရင်အချစ်ပဲလိုတယ်

ဟုတ်တယ် -----------
လောကကြီးမှာ လူတွေဟာအချစ်နဲ့မကင်းကြဘူး ။ ဘ၀ထဲကို တိုးဝင်းပြီး ဘာမဆိုရင်ဆိုင်နိုင်ဖို့ဆိုတာကတော့ အချစ်ရှိမှဖြစ်မှာ  ......
စကားလုံးလေးကရိုးရှင်းပေမယ့် တကယ့် တကယ် ပဲ လိုအပ်ပါတယ် ....................
သူများတွေအတွက်တော့ မပြောတတ်ဘူး ၊ ကျွန်မ ကတော့ အချစ်ပဲလိုအပ်တယ်ထင်ပါတယ် .....

Before we say goodbye








ကျွန်မကြိုက်တဲ့သီချင်းလေးတွေထဲက တစ်ပုဒ်ပါ ။

Feb 16, 2011

ဖူးစာရှင်

ကျွန်မ ဒီသီချင်းကိုတော်တော်ကြိုက်ပါတယ် ။ ဘာလို့လဲမသိဘူး နေနေ ဆိုတဲ့သီချင်းတွေအားလုံးက ကျွန်မ ရင်ကိုထိစေတယ် ။သူ့အသံလေးက အရမ်းကောင်းတယ် ၊သူဆိုတဲ့သီချင်းတွေနဲ့လဲလိုက်တယ်၊
ကျွန်မချစ်တဲ့သူအတွက်လဲ နေနေ့သီချင်းတစ်ပုဒ် online radio ကနေ ခဏခဏ တောင်းပေးဖူးပါတယ်။


ကောင်းရော

မေးလ်ထဲကရတာပဲ ---ဖြစ်တတ်တဲ့သဘာဝလေးတွေပါ -------ကာယကံရှင်မဟုတ်တဲ့အတွက်တော်တော်ရယ်ရပါတယ် ။ ဖတ်ကြည့်ကြပါဦးနော် ------------

 
♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦
သတို့သားနဲသတို့သမီးတိုမိဘတွေ၊ ဒေါပနေကြလေရဲ့။ အကြောင်းကြောင်းကြောင့်

ဝါမ၀င်မီ ကပ်ပြီး ဖုတ်ပူမီးတိုကမင်္ဂလာဆောငပေးကြရတာဒါပေမဲလာရောက
ချီးမြှင့်တဲပုဂ္ဂိုလ်တွေကိုမို့ရဲ့အထင်ကရ ဟော်တယ်မှာ ခမ်းနားစွာ
ဧည့်ခံရတယ်။ အဆင်ပြေတယ်။ ဒံပေါက်ကျွေးပြီး ရေခဲမုန့်ပါ ထပ်ဆင့် ကျွေးမွေးတယ်။
အဆင်ပြေတယ်။ ခြုံငုံ ပြောရရင် (စောင်၊ ပုဆိုးခုံပြီး ကွမ်းငုံသည်ကို
မဆိုလိုပါ။) အားလုံး အဆင်ပြေတယ်။ Butသို့သောလည်း ကမ်းတဲလက်ဆောင်ပစ္စည်းက
အဆင်မပြေဘူးစိန်ချယ်ပန်း ၃-၄ ပွင့်နှီးနဲချည်ပြီး စီးကရကတစ်လိပ်ပဲ
ကမ်းရတာအမှန်တကယကမ်းဖိုစီစဉ်ထားတာက ယပ်တောငလှလှလေးတွေ။ အဲဒါတွေက
ခန်းမရဲထောင့်ထဲမှာပုံလို့။ လုပ်ပြီးမမကမ်းဖြစ်တာသတို့သား သတို့သမီး
မိဘတွေက ဒါကို ဒေါပနေကြတာကမ်းမယ့် ယပ်တောငအော်ဒါလက်ခံပေးတဲ
ပုံနှိပ်တိုက်ပိုင်ရှင်လည်း မျက်နှာကို ပျက်လို့။ မင်္ဂလာဆောင်တွေကများ
အော်ဒါတွေက မပြတ်လက်ခံ နေရတာမိုဒီမင်္ဂလာဆောငအတွကယပ်တောင်တွေတောငမနေ့က
ညခင်းကမရတာ။ ပြန်ပြငလုပ်ပေးချိန်ကလည်း မရတော့ဘူးပုံနှိပ်တိုက
ပိုင်ရှင်ကြီးဟာ သူ့တိုက်ပြန်သွားပြီး အလုပသမားတွေကို ယမ်းပုံမီးက
ဆူပူကြိမ်း မောင်းတော့တာပေါ့။ “ဘယ့်နှယ်ကွာ အသုံး မကျတဲကောင်တွေ၊ စာစီတဲ
ကောင်၊ ယပတောင်ကပ်တဲကောင်၊ ယပ်တောင်စည်းတဲထုပ်တဲ့ကောင်၊ ဘယ်မအေ ကောင်မ
ဒီအမှားကို မမြင်ကြရအောငမင်းတိုသောက်လုံးတေအကုန်ကန်း နေကြသလားဟငမအေ
နှမ၊ ငါမသားတွေ” “ဆရာရယမင်္ဂလာယပ်က လှနေတာပဲ ဟိုဖကဒီဖကပန်းကနုတ်တွေ၊
ဒီဇိုင်း စာလုံး ပုံစံသစ်တွေနဲဘာများဖြစ်လို့လဲလိုစာစီသူက မေးလိုက်တော
ဟဲဆဲမနာကောင်တွေ၊ ရောနင်တိုယပ်တောင်၊ နင်တို့ ပြန်ကြည့်၊ တစ်လုံးချင်း
ပန်ဖတ်ကြည့်” ဆိုပြီး တိုက်ပုံခါးကြားထဲ ထိုး ထည်လာတဲယပ်တောင်ကို ကိုင်ပေါက် ပြလိုက်တောယပ်တောင်ကို ကောက်ပြီးပန်ဖတ်တဲအခါ။ “သားနှင့် သမီးတို့၏ မင်္ဂလာ ပွဲကိုကွရောကချီးမြှင့် ကြပါသော မိတ်သင်္ဂဟအပေါင်းအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ နှစ်ဖက်သေ မိဘများ”တဲ့ “အောဒါများ ဆရာရယ် နှစ်ဖက်သောမှာ
ရေးချ (-ာ) လေးလို သွားတာမဖြစ်လောက်ပါဘူး”တဲဗျာကောင်းရော

လူတစ်ယောက်ကိုချစ်ရတာ

ဒါလဲ မေးလ် ထဲက ရတာပဲ ----------------

လူတွေဟာ အချစ်ကိုပုံစံအမျိုးမျိုးနဲအဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်။ “
လူတစ်ယောက်ကိုချစ်ရတာ ပျော်ဖို့ကောင်းတယ်။ သူ့ဆီက ဘာမှမလိုချင်ဘူး
သူ့ကိုချစ်နေရရငကျေနပ်ပါပြီလိုပြောနေကြတဲသူ တွေရှိသလို
သူ့အချစ်ကြောင့် မွန်းကျပ်ရပါတယ်။ လွတ်မြောက်ခွင့်ပေးပါတော့” လို
တောင်းဆို နေကြတဲသူတွေလည်း ရှိကြပါတယ်။ တစ်ချို့ကြတော့ ” မဟုတ်ဘူး
အဲ့ဒီအချစ်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခု လုံးပန်ပြီးအဖတ်ဆယ်မရအောင
စုတ်ပြတ်သတ်သွားတာ ဒါကြောင့် အချစ်ကို မုန်းတယ် ” လိုခါးခါးသီးသီး
ပြောကြပြန်တယ်။ ” အချစ်စစ်ဆိုတာ လောကကြီးမှာ ဘယ်တော့မှ မရှိ
ိုင်တဲ့အရာမို့လို့ လုံးဝမယုံကြည်ဘူး ” လိုပြောတဲ့သူတွေလည်း
ရှိပြန်ပါတယ်။ အနည်းစုသော ပုဂ္ဂိုလ်များကတော့ “
အခုလိုထိပ်ဆုံးရောက်လာတာ အချစ်ကြောင့်ပါ ” တဲ့လေအချစ်ကြောင့် အရာရာကို
ရင်ဆိုင်ရဲသွားတဲ့သူတွေရှိသလို အချစ်ကြောင့်ဘ၀ဆုံးတဲ့သူတွေလည်း ရှိပ
တယ်။ အချစ်ကြောင့် ဂုဏ်တတ်ရသလို အချစ်ကြောင့် ဂုဏ်ပျက်ရတဲ့သူတွေဟာလည်း
ဒီကမ္ဘာကြီးပေမှာ ထုနဲ့ထည်နဲ့ရှိပါတယ်။ အဲ့လိုမျိုး လူတစ်ယောက်ကို
ဘ၀တစ်ခုလုံးနဲ့ချီပြီး ကိုင်လှုပ်နိုင်တဲအချစ်ဆို တဲ့အရာကြီးက
ဘယ်လိုပုံစံမျိုးရှိလဲ. . . အ၀ိုင်းလား. . . လေးထောင့်လား. . . ပူသလား. .
. အေးသ လား. . . ဘယ်လိုအရောင်ရှိပြီး ဘယ်လိုရနံရှိလဲ. . .
အဲ့ဒီလိုအရောင်မရှိ၊ အနံမရှိ၊ ပုံသဏ္ဍာန်မရှိလိုလက်ဆုပ်လက်ကိုင်လဲ
ပလို့မရနိုင်တဲစိတ္တဇနာမသက်သကအချစ်ဆိုတဲ့အရာကြောင့်ပဲ
လူတွေဟာငိုကြရယ်ကြ၊ ဒေါသဖြစ်ကြ၊ အမုန်းတေပွားကြ ရတယ်။
အဲ့ဒီလိုဘယ်လိုမလက်ဆုပ်လက်ကိုပြလို့မရ၊ Definition ဖွင့်လို့မရတဲ
အချစ်ဆိုတဲ့အရာ ကြောင့် လူတွေကိုအချိန်ကုန်မခံစေချင်ဘူးအထူးသဖြင့်
ချစ်သူရည်းစားရှိမအပေါင်းအသင်းသူငယချင်းတွေကြားမှာ
မျက်နှာမငယ်ဖြစ်ရမယ်လိုအထင်မှားနေကြတဲ့ ၁၈၊ ၁၉ အရွယ်လူငယ်တွေကို ရည
ရွယ်ချင်တာပါ။ သေချာတွေးစေချင်ပါတယ်။ လူတစ်ယောက်ကို ကိုယ်ကချစ်မ
ကိုယ့်ကိုလူတစ်ယောက်(ဆန့်ကျငဘက်လိင်) ကချစ်မှ ဖြစ်မယ်လို
မတွေးစေချင်ပါဘူးအဲ့ဒီလိုမျိုးသူတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်မ
ချစ်သူရှိတာမဟုတ်ပါဘူးတကယ်တမ်းတောကိုယ့်ကိုအချစ်စစ်နဲ
ချစ်တဲ့ချစ်သူတွေက ကိုယ့်ဘေးနား မှာ အဆင်သင့်ရှိနေပြီးသားပါ။
ကိုယ်ကအဝေးကြီးကို ငေးကြည့်နေမိတောကိုယ့်ဘေးကချစ်သူကို မတွေ့ကြဘူးပေါ့။
ဒီနေရာမှာပြောချင်တဲချစ်သူဆိုတာက ကိုယ်အခက်အခဲတွေ့လာတဲ့အခါတိုင်း
ကိုယ်စိတ်ပျက်အားငယ်နေတဲ့အခါတွေတိုင်း
အားပေးနှစ်သိမ့်လမ်းညွှန်ပြသပေးတတ်သလို အရာရာ တိုင်းမှာ ကိုယ့်ရှေ့ကနေ
တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးတတ်ကြတဲမိဘနဲညီအစ်ကို
မောင်နှမတွေပဲလေသူတို့တတွေဟာ ကိုယ့်ဘ၀အတွက်တော့ ထာဝရချစ်သူတွေဆိုတာကို
ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူးအားလုံးလည်း သိကြမယ်ထင်ပါတယ်။
အချစ်ချင်းတူပေမယ့် ၅၂၈ နဲ့ ၁၅၀၀ ရဲ့အပူဒီဂရီ ကွာခြားပုံ ကိုလေ။ ၅၂၈
အပူချိန်က ပူတယ်ဆိုပေမယ့် နေသာထိုင်သာရှိရုံ ခပ်နွေးနွေးလေးရယ်. . . ၁၅၀၀
က တောပြောမနေနဲအဆုံးစွန်ထိလောင်မြိုက်ခြင်းပါပဲဒီတော
ဒီဂဏန်းနှစ်ခုကြားက ကွာခြားချက်ကိုကည့်ရုံနဲဘယ်အပူချိန်ဟာ
ကိုယ့်အတွက်အပူသက်သာနိုင်မလဲဆိုတာ သိနိုင်တာကြောင့် ၁၅၀၀ နဲပတ်သက်လာရင
မျှော်လင့်ချက်တေတအားထားပြီး မခံစားစေချင်ဘူးတကယ်တောအချစ်ဆိုတဲ့အ
ရာဟာ ဘ၀ကြီးတစ်ခုလုံးနဲ့နှိုင်းစာရငဘာမှမပြောပလောက်တဲ့ Atom
တစ်ခုစာလောက်ပဲ ရှိပါတယ်။ ဒီတော့အချစ်နဲ့ပတ်သက်လာရင
လူတိုင်းကိုမခံစားစေချင်ဘူးဆိုပေမယ့် ကျွန်မအပါအ၀င် လူတိုင်းဟာ
ပိုးဖလံမျိုးဆိုတော့လဲ. . .

ရည်းစား နဲ့ ချစ်သူ

မေးလ် ထဲက ရတာပါ ။ ဖတ်ဖူးချင်လဲ ဖတ်ဖူးကြမယ် --------


ရည်းစား .....

ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့
သူ...........လို့
ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............

ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......heartheart

ချစ်သူ.........

လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......heart

peace
သူငယ်ချင်းတို့ကရော ဒီစာလေးကို ဘယ်လိုသဘောရလဲ..................
ခုအချိန်မှာ သူငယ်ချင်းတို့ဘေးနားမှာ ရှိနေတဲ့သူက
ရည်းစားအနေနဲ့ရှိနေတာလား............
ဒါမှမဟုတ် ချစ်သူတစ်ယောက်အနေနဲ့ရှိနေတာလား..............
သေချာစဉ်းစားကြည့်လိုက်ပါနော်.....

12 fingers, 14 toes give girl advantage

Yangon - A mother in Myanmar says her baby girl's 12 fingers and 14 toes have been no disadvantage - her grip may even be stronger than normal - and now she's grasping for a Guinness record.

Phyo Min Min Soe, aged 26, knew her girl Le Yati Min had a little something extra since nearly the moment she was born.

"I asked the nurses whether my kid was born complete with hands and legs," says her mother. "They replied that the baby even has more than she needs."

Born with 12 fingers and 14 toes, Le may be the most "digitally enhanced" person in the world. Now, the 16-month-old girl's family in impoverished Myanmar is seeking a Guinness World Record to prove it.

A neighbour is helping her mother apply to claim the record hearing that a boy from India currently holds bragging rights for the most digits, with 12 fingers and 13 toes.
Polydactylism - being born with an extra finger or toe - is fairly unusual, but it is even rarer for someone to have spare functional digits on both hands and feet, as Le does.
Strong gripLe lives with her family in a small wooden house on the outskirts of the Southeast Asian country's former capital of Yangon, where she runs around with seven toes on each foot.

Proud mom Phyo Min Min Soe, aged 26, said on Tuesday that she'd be happy to see Le gain a world record, but even without that, her daughter already has a happy life, and even some natural advantages.

"She seems to have a stronger grip on things - so she doesn't drop things much," she says, as Le plays nearby with a mobile phone.
According to the Guinness World Records website, the record for most fingers and toes for a living person is currently held by two people in India, who have 12 fingers and 13 toes each.
Dr Craig Camasta, a surgeon in Atlanta, Georgia, said many parents of babies with polydactylism choose to have an operation to get rid of the extra fingers or toes to avoid social stigma, but that "It's not necessary that the extra digits be removed."
News from news24

ကိုမှိုး


အမှတ်တရ

ကျွန်မ ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ အဆိုတော် တစ်ယောက်ရှိတယ် ။ တကယ် ဘယ်လို ကြိုက်မှန်းမသိဘူး ၊သူဆိုတဲ့သီချင်းတွေ TV မှာလာရင်အရမ်းသဘောကျလွန်းလို့ TV ရှေ့မှာ စနေနေ့ညတိုင်း 7း00 လောက် ဆို ထိုင်စောင့်ရတာအမော ။ အဲ့ဒီတုန်း က တေးဂီတအစီအစဉ် ဆိုပြီးမြန်မာ့အသံကလာတတ်တယ်လေ ။ ဒါကိုပဲ စောင့်ကြည့်ခဲ့ရတာ မရိုးနိုင်ဘူး ။ ဟီးဟီး ......
 အဲ့လောက်ရူးခဲ့တာ ၊အခုပြန်တွေးကြည့်တော့ မှ ကိုယ့်ကိုကိုယ် ရှက်တတ်လာတယ် ။ ဒါပေမယ့် ဒါကလဲ
ကျွန်မငယ်ဘ၀ရဲ့အမှတ်တရ တစ်ခုပဲလေ ၊တော်တော်ကြာခဲ့တယ် ၊သူ့ကိုအားပေးခဲ့တာ .........
သူ့နာမည် က ကိုမှိုးတဲ့ ။

နောက်လင့်ခ်တစ်ခုမှာ သူ့သီချင်းတစ်ပုဒ်တင်ပေးလိုက်တယ်နော် ---------
ကျွန်မလိုပဲ သဘောကျနိုင်ပါစေ -----  :D

Myanmar E-Books

<a href="http://www.myanmarebooks.net/" target="_blank"><img src="http://i810.photobucket.com/albums/zz26/rakra/image.jpg" border="0" alt="Photobucket"></a>

အလည်လာစေချင်ပါတယ်

အခုဆိုရင် ကျွန်မတစ်ယောက်တည်း ၊ကျွန်မ ချစ်တဲ့လူတွေနဲ့ဝေးနေ တဲ့ တစ်နေရာမှာပေါ့ ။
ကျွန်မ စာအရမ်းရေးချင်တယ် တစ်ခုခုကိုပေါ့ ၊ ခံစားလို့ရတာ အကုန်ချရေးချင်တယ် ဒါနဲ့ပဲ
ဒီဘလော့လေးကို ရေးမိတာပါ ။
ကျွန်မစာတွေထဲမှာ တကယ်ဟုတ်တာလဲပါချင်ပါမယ် ၊ စိတ်ကူးယဉ်တာတွေလဲ ပါချင်ပါမယ်
ကျွန်မရဲ့စာဖတ်သူတွေကိုတော့ ကျွန်မဘလော့ ဖတ်ပြီး အချိန်မကုန်စေချင်ပါဘူး ဒါပေမယ့်
ကျွန်မရဲ့ ဘလော့လေးကို အလည်လာစေချင်ပါတယ် ။ကျေးဇူးအများကြီးတင်ပါတယ် ။

လမ်းမကြီးရဲ့ဘေး

Hi Everybody

Well it's time to show my feeling , be prepared to be shocked and amazed.

Please understand me and hope your feeling the same as me .

:0