♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
လူတွေဟာ အချစ်ကိုပုံစံအမျိုးမျိုးနဲ့ အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်။ “
လူတစ်ယောက်ကိုချစ်ရတာ ပျော်ဖို့ကောင်းတယ်။ သူ့ဆီက ဘာမှမလိုချင်ဘူး။
သူ့ကိုချစ်နေရရင် ကျေနပ်ပါပြီ ” လို့ ပြောနေကြတဲ့ သူ တွေရှိသလို “
သူ့အချစ်ကြောင့် မွန်းကျပ်ရပါတယ်။ လွတ်မြောက်ခွင့်ပေးပါတော့” လို့
တောင်းဆို နေကြတဲ့ သူတွေလည်း ရှိကြပါတယ်။ တစ်ချို့ကြတော့ ” မဟုတ်ဘူး …
အဲ့ဒီအချစ်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခု လုံး ပြန်ပြီးအဖတ်ဆယ်မရအောင်
စုတ်ပြတ်သတ်သွားတာ ဒါကြောင့် အချစ်ကို မုန်းတယ် ” လို့ ခါးခါးသီးသီး
ပြောကြပြန်တယ်။ ” အချစ်စစ်ဆိုတာ လောကကြီးမှာ ဘယ်တော့မှ မရှိ
နိုင်တဲ့အရာမို့လို့ လုံးဝမယုံကြည်ဘူး ” လို့ ပြောတဲ့သူတွေလည်း
ရှိပြန်ပါတယ်။ အနည်းစုသော ပုဂ္ဂိုလ်များကတော့ “
အခုလိုထိပ်ဆုံးရောက်လာတာ အချစ်ကြောင့်ပါ ” တဲ့လေ။ အချစ်ကြောင့် အရာရာကို
ရင်ဆိုင်ရဲသွားတဲ့သူတွေရှိသလို အချစ်ကြောင့်ဘ၀ဆုံးတဲ့သူတွေလည်း ရှိပါ
တယ်။ အချစ်ကြောင့် ဂုဏ်တတ်ရသလို အချစ်ကြောင့် ဂုဏ်ပျက်ရတဲ့သူတွေဟာလည်း
ဒီကမ္ဘာကြီးပေါ် မှာ ထုနဲ့ထည်နဲ့ရှိပါတယ်။ အဲ့လိုမျိုး လူတစ်ယောက်ကို
ဘ၀တစ်ခုလုံးနဲ့ချီပြီး ကိုင်လှုပ်နိုင်တဲ့ အချစ်ဆို တဲ့အရာကြီးက
ဘယ်လိုပုံစံမျိုးရှိလဲ. . . အ၀ိုင်းလား. . . လေးထောင့်လား. . . ပူသလား. .
. အေးသ လား. . . ဘယ်လိုအရောင်ရှိပြီး ဘယ်လိုရနံရှိလဲ. . .
အဲ့ဒီလိုအရောင်မရှိ၊ အနံမရှိ၊ ပုံသဏ္ဍာန်မရှိလို့ လက်ဆုပ်လက်ကိုင်လဲ
ပြလို့မရနိုင်တဲ့ စိတ္တဇနာမ် သက်သက် အချစ်ဆိုတဲ့အရာကြောင့်ပဲ
လူတွေဟာငိုကြ၊ ရယ်ကြ၊ ဒေါသဖြစ်ကြ၊ အမုန်းတွေ ပွားကြ ရတယ်။
အဲ့ဒီလိုဘယ်လိုမှ လက်ဆုပ်လက်ကိုပြလို့မရ၊ Definition ဖွင့်လို့မရတဲ့
အချစ်ဆိုတဲ့အရာ ကြောင့် လူတွေကိုအချိန်ကုန်မခံစေချင်ဘူး။ အထူးသဖြင့်
ချစ်သူရည်းစားရှိမှ အပေါင်းအသင်း၊ သူငယ် ချင်းတွေကြားမှာ
မျက်နှာမငယ်ဖြစ်ရမယ်လို့ အထင်မှားနေကြတဲ့ ၁၈၊ ၁၉ အရွယ်လူငယ်တွေကို ရည်
ရွယ်ချင်တာပါ။ သေချာတွေးစေချင်ပါတယ်။ လူတစ်ယောက်ကို ကိုယ်ကချစ်မှ
ကိုယ့်ကိုလူတစ်ယောက်(ဆန့်ကျင် ဘက်လိင်) ကချစ်မှ ဖြစ်မယ်လို့
မတွေးစေချင်ပါဘူး။ အဲ့ဒီလိုမျိုးသူတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်မှ
ချစ်သူရှိတာမဟုတ်ပါဘူး။ တကယ်တမ်းတော့ ကိုယ့်ကိုအချစ်စစ်နဲ့
ချစ်တဲ့ချစ်သူတွေက ကိုယ့်ဘေးနား မှာ အဆင်သင့်ရှိနေပြီးသားပါ။
ကိုယ်ကအဝေးကြီးကို ငေးကြည့်နေမိတော့ ကိုယ့်ဘေးကချစ်သူကို မတွေ့ကြဘူးပေါ့။
ဒီနေရာမှာပြောချင်တဲ့ ချစ်သူဆိုတာက ကိုယ်အခက်အခဲတွေ့လာတဲ့အခါတိုင်း
ကိုယ်စိတ်ပျက်အားငယ်နေတဲ့အခါတွေတိုင်း
အားပေးနှစ်သိမ့်လမ်းညွှန်ပြသပေးတတ်သလို အရာရာ တိုင်းမှာ ကိုယ့်ရှေ့ကနေ
တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးတတ်ကြတဲ့ မိဘနဲ့ ညီအစ်ကို
မောင်နှမတွေပဲလေ။ သူတို့တတွေဟာ ကိုယ့်ဘ၀အတွက်တော့ ထာဝရချစ်သူတွေဆိုတာကို
ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။ အားလုံးလည်း သိကြမယ်ထင်ပါတယ်။
အချစ်ချင်းတူပေမယ့် ၅၂၈ နဲ့ ၁၅၀၀ ရဲ့အပူဒီဂရီ ကွာခြားပုံ ကိုလေ။ ၅၂၈
အပူချိန်က ပူတယ်ဆိုပေမယ့် နေသာထိုင်သာရှိရုံ ခပ်နွေးနွေးလေးရယ်. . . ၁၅၀၀
က တော့ ပြောမနေနဲ့ အဆုံးစွန်ထိလောင်မြိုက်ခြင်းပါပဲ။ ဒီတော့
ဒီဂဏန်းနှစ်ခုကြားက ကွာခြားချက်ကို ကြည့်ရုံနဲ့ ဘယ်အပူချိန်ဟာ
ကိုယ့်အတွက်အပူသက်သာနိုင်မလဲဆိုတာ သိနိုင်တာကြောင့် ၁၅၀၀ နဲ့ ပတ်သက်လာရင်
မျှော်လင့်ချက်တွေ တအားထားပြီး မခံစားစေချင်ဘူး။ တကယ်တော့ အချစ်ဆိုတဲ့အ
ရာဟာ ဘ၀ကြီးတစ်ခုလုံးနဲ့နှိုင်းစာရင် ဘာမှမပြောပလောက်တဲ့ Atom
တစ်ခုစာလောက်ပဲ ရှိပါတယ်။ ဒီတော့အချစ်နဲ့ပတ်သက်လာရင်
လူတိုင်းကိုမခံစားစေချင်ဘူးဆိုပေမယ့် ကျွန်မအပါအ၀င် လူတိုင်းဟာ
ပိုးဖလံမျိုးဆိုတော့လဲ. . .
No comments:
Post a Comment